Skip to content

Ministry of Transport

Myanma Railways

Home / News / Myanma Railways 148th anniversary

Myanma Railways 148th anniversary

နေပြည်တော် မေ ၁ တွင် အထိမ်းအမှတ်အခမ်းအနား ကျင်းပ။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မနက် ၉ နာရီတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနအကြီးအမှူးများ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့မီးရထား၏ (၁၄၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်း အမှတ် ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာ့ မီးရထား၊ ဦးဆောင်ညွှန်ကြား‌ရေးမှူးက ဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဏာရေးနှစ် တစ်နှစ်ကာလအတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍ (၁၄၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအား ဖွင့်လှစ်ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က မြန်မာ့မီးရထား၏ ၂၀၂၄-၂၀၂၅ ဘဏ္ဏာရေးနှစ်ကာလအတွင်း မီးရထားတိုင်းနယ်မြေ၊ စက်ရုံ၊ ဆေးရုံများအလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဆုများ၊ တစ်နှစ်တာကာလအတွင်း မိမိ၏ လုပ်ငန်းတာဝန်ကို စွမ်းစွမ်း တမံဆောင်ရွက်ခဲ့ကြသည့်ဝန်ထမ်းများ၊ ရေဘေးနှင့် မြေငလျင်ဘေး စသည့် သဘာဝဘေးဒါဏ်ကြောင့် ရထားလမ်းပိုင်းပျက်စီးမှုများအပေါ် ရထားစီးခရီးသည်များ ဘေးအန္တရာယ်မကျ ရောက်စေရေးနှင့် ရထားများအမြန်ဆုံးပြန်လည် ပြေးဆွဲနိုင်ရေး စွမ်းစွမ်း တမံဆောင်ရွက်ခဲ့ကြသည့် အမှုထမ်းနှင့်အရာထမ်းများ၊ မြေငလျင်ဒါဏ်ကြောင့် ပြိုကျပျက်စီးခဲ့ သည့် ဝန်ထမ်းအိမ်ရာများတွင် ပိတ်မိခဲ့ကြသူများအား သက်စွန့်ကြိုးပမ်းကယ်တင်ပေးခဲ့ကြသည့် ဝန်ထမ်းများနှင့် အဆိုပါကာလလုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း များအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူး ကြောင်းသိရှိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Related posts